Monday, December 6, 2010

သိခြင်းတရား။

ရေအေးအေးလေး
သောက်ချင်တယ်


ဟောဒီအသွေးအသားတွေပူလောင်
လူမှန်းသိတတ်စတည်းက
ငါနေ့တိုင်း ဖျားနာနေခဲ့တာလားး

အအေးဓာတ် ကို တွေ့ တော့ မှပဲ
အပူတွေကို သိတော့တယ် ...

Saturday, June 12, 2010

ပျင်းရိခြင်း

စေးကပ်နေတဲ့
အကြောတွေက
နွယ်နဲ့ ပတ်ထားသလို
လူတစ်ကိုယ်လုံး....

တကယ့် နူနာသည် တယောက်လိုမျိုး
အယားပြေ ကုတ်ဖဲ့ ချက် တွေ
ငါ့ကိုယ်ကျင့်တရားတွေသွေးစိမ်းရှင်ရှင်ထွက်
အရမ်းအနေရခက် တယ် ..

Monday, March 23, 2009

ချစ်မိသည့် အကြောင်း ...

  • သူရောက်မလာ ကာ မှ
  • ညတာက ရှည်လွန်းလှတယ်
  • သိရဲ့လား ချစ်သူ
  • မင်းမရှိရင် ခက်ခဲ လွန်းတဲ့
  • ထွက်သက်ဝင်သက်တွေ အကြောင်း ။။။